Saturday, January 28, 2023

ချင်းသေနတ်ကိုင် တပ်ရင်း ဖွဲ့စည်းခြင်း(1)

ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားလာသောအခါ ဗြိတိသျှစစ်တပ်သည် ချင်းတောင်မှ တပ်သားများထပ်မံစုဆောင်းရင်း Chin Levies တပ်ရင်းများ ဖွဲ့စည်းလာခဲ့သည်။ ချင်းတောင်တပ်ရင်း နှင့် Chin Levies တပ်ရင်းတို့သည် ဒုတိယ


ကမ္ဘာစစ်ကြီးတွင် မြန်မာပြည်မှ ဖက်ဆစ်ဂျပန်တို့အား တိုက်ထုတ်ရာတွင် အရေးပါသည့်တပ်ရင်းများ ဖြစ်ကြသည်။

 စစ်ကြီးပြီးဆုံးသွားသောအခါ Chin Levies မှတပ်သားများ နှင့် အသစ်တပ်မံစုစောင်းထားသည့် တပ်သားများပေါင်းပြီး ချင်းတပ်ရင်းများ ပြန်လည် ဖွဲ့စည်းခဲ့ကြသည်။ ၁၉၄၅ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ချင်းသေနတ်ကိုင်တပ်ရင်း (၁) ဖွဲ့စည်းရန် Lt.Col. Ruffell နှင့် Lt.Col. Beeche မှတာဝန်ယူဆောင်ရွက်ခဲ့သည်။ 

တစ်ချိန်တည်းမှာပင် ချင်းသေနတ်ကိုင်တပ်ရင်း (၂) ဖွဲ့စည်းရန်အမိန့်ထုတ်ခဲ့ကြသည်။ Burma Frontier Force မှာတာဝန်ထမ်းဆောင်သူ Chin Levies နှင့်အတူ တာဝန်ထမ်းဆောင်ခဲ့သည့် Major A.R.G Baker မှ တပ်ရင်း (၂) ဖွဲ့စည်းရေးကို တာဝန်ယူဆောင်ရွက်ခဲ့ပြီး တပ်ရင်းသည် ၁၉၄၅ ဒီဇင်လာလတွင် တာဝန်ထမ်းဆောင်ဖို့ အသင့် ပြင်ဆင်ရန် ဖြစ်သည်။ ၁၉၄၈ ဧပြီလ ၃ ရက်နေ့တွင် တီးတိန်မြို့၌ Lt.Col. N.W.Kelly, Major Baker နှင့် တီးတိန်နယ်မှ တိုက်သူကြီး၊ ရွာသူကြီးများ တပ်သားသစ်များစုစောင်းရေးအတွက် အစည်းအဝေး ပြုလုပ်ခဲ့ကြသည်။ 

ကမ်ဟောင်တိုက်သူကြီးမှ တပ်သားသစ် ၄၇၀၊ စုတ်တဲတိုက်သူကြီးမှ တပ်သားသစ် ၁၉၀၊ နှင့် စီးယင်းတိုက် သူကြီးမှ တပ်သားသစ် ၉၀ စုဆောင်းရန် သဘောတူခဲ့ကြသည်။ တိုက်သူကြီးများမှ ပြန်လည် တောင်းခံသည်မှာ မိမိတို့အနေဖြင့် ချင်းတပ်ရင်းရှိလာမည်ကို ကြိုက်နှစ်သက်ကြကြောင်း၊ တပ်ရင်းကိုလည်း ချင်းလူမျိုးများကသာ ဦးစီးစေလိုကြောင်း၊ တပ်ရင်းရာထူးတိုးရာတွင်လည်း စစ်မှုထမ်းဟောင်းတို့ထံမှ ၅၀% နှင့် အခုအသစ် စုဆောင်းထားတဲ့သူများထဲမှ ၅၀% စသည်ဖြင့် မျှမျှတတ ရာထူးတိုးပေးရန် တောင်းခံခဲ့ကြသည်။ 

 တိုက်သူကြီးများဘက်မှထပ်မံတောင်းခံသည်မှာ Hau Za Lian (Chief of Suangzang) ကို Sudebar ရာထူးခန့်အပ်ရန်၊ သူ့လက်ထောက်အတွက် Hav/Clerk Tual Khen Pau အားခန့်ထားရန် နှင့် Havildar Khan Nen Pau, Havildar Chin Za Dal နှင့် Havildar Thawng Za Khen (Mualbem) တို့အား Jemadars ရာထူးများဖြင့် ခန့်အပ်ပေးရန် ဖြစ်သည်။ ဗြိတိသျှအရာရှိများမှလည်း အစည်းအဝးအတွင်း ချက်ချင်း သဘောတူခဲ့ကြသည်။

 ထိုသို့တိုက်သူကြီးများမှလည်း တပ်သားသစ်များ အလွယ်တစ်ကူစုဆောင်းနိုင်ခဲ့ကြပြီး ဗြိတိသျှတပ်မတော်အောက်တွင် အမှုထမ်းခဲ့သည့် ချင်းတပ်သား၊ အရာရှိများပူးပေါင်းပြီး ၁၉၄၅ သြဂုတ်လမှ စတင်ကာ တပ်ရင်းတစ်ရင်း၊ အမှတ် (၂) ချင်းသေနတ်ကိုင်တပ်ရင်း ဖြစ်လာခဲ့သည်။ 

Burma Frontier Force အောက်၌ တပ်ရင်းတစ်ရင်း အဖြစ်ရပ်တည်လာပြီးနောက် ရေစကြို၊ ထိုမှတစ်ဆင့် ၁၉၄၅ နှစ်ကုန်ပိုင်းတွင် ရွှေဘိုသို့ စခန်းချခဲ့ကြသည်။ ၁၉၄၅ နှစ်ကုန်ပိုင်းအထိ တပ်ရင်းမှ ချင်းလူမျိုးအထင်ကရ အရာရှိများမှာ ဗိုလ်မှူးဟရန်ထီးယိုး၊ ဗိုလ်မှူးဒါလ်ဇာကာမ် နှင့် ဗိုလ်မှူးလျန်ကျင်ဇမ်တို့ ဖြစ်ကြသည်။ ၁၉၄၆ နှစ်တစ်ခုလုံး လေ့ကျင်ရေးဆင်နွှဲခဲ့ကြပြီး ၁၉၄၇ နှစ်ဦးပိုင်းတွင် ရွှေဘိုမှ မင်္ဂလာဒုံသို့ ပြောင်းရွှေ့ခဲ့သည်။ 

ထိုအချိန်တပ်ရင်း ဦးဆောင်သူမှာ Lt.Col. C.S.Sullivan ဖြစ်သည်။ သူသည် ၁၉၄၅ မေလတွင် ကွယ်လွန်ခဲ့ပြီး Lt.Col. Allen မှသူ့အားအစားထိုးခဲ့သည်။ ၁၉၄၇ နှစ်ကုန်ပိုင်းတွင် ဗိုလ်မှူးဒါလ်ဇာကာမ်အား ဒု-ဗိုလ်မှူးကြီး အဖြစ်သို့ရာထူးတိုးပြီး တပ်ရင်း (၂)၏ တပ်ရင်းမှူးဖြစ်လာခဲ့သည်။ ဗိုလ်မှူး ဆွန်ခိုပေါင်သည် ဒုတပ်ရင်းမှူး ဖြစ်လာခဲ့သည်။

No comments:

Post a Comment

မြသွဲ့သွဲ့ခိုင်(သို့မဟုတ်) အာဏာသိမ်းမှုကြောင့် ပထမဆုံး အသက်ပေးခဲ့ရသူ

  စစ်အာဏာသိမ်းမှုကြောင့် သေဆုံးရတဲ့ အမျိုးသမီးတွေထဲမှာ နေပြည်တော်က အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ် မမြသွဲ့သွဲ့ခိုင်က ပထမဆုံးဖြစ်ပါတယ်။ ၂၀၂...