Thursday, February 1, 2024

မြသွဲ့သွဲ့ခိုင်(သို့မဟုတ်) အာဏာသိမ်းမှုကြောင့် ပထမဆုံး အသက်ပေးခဲ့ရသူ

 ရန်ကုန်မြို့၊ လှည်းတန်းလမ်းဆုံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ  ၁၄ ရက်တုန်းက ပြုလုပ်တဲ့ မမြသွဲ့သွဲ့ခိုင်ကို အောက်မေ့ဖွယ်

စစ်အာဏာသိမ်းမှုကြောင့် သေဆုံးရတဲ့ အမျိုးသမီးတွေထဲမှာ နေပြည်တော်က အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ် မမြသွဲ့သွဲ့ခိုင်က ပထမဆုံးဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်မှာ နေပြည်တော်၊ သပြေကုန်းအဝိုင်း၊ တောင်ညိုလမ်းမကြီးနားမှာပြုလုပ်တဲ့ ဆန္ဒပြပွဲ အကြမ်းဖက် ဖြိုခွင်းခံရချိန်မှာ မမြသွဲ့သွဲ့ခိုင်တစ်ယောက် ဦးခေါင်းကို ကျည်ထိမှန်ခဲ့ပါတယ်။

မမြသွဲ့သွဲ့ခိုင်ဟာ နေပြည်တော် ကုတင်တစ်ထောင် ‌ဆေးရုံမှာ ကုသမှုခံခဲ့ပေမဲ့ ဦးခေါင်းကျည်ထိ ဒဏ်ရာကို ဆရာဝန်တွေက လက်လျှော့ခဲ့ပြီးတဲ့နောက်မှာတော့ အဲဒီနေ့ညပိုင်းမှာပဲ သေဆုံးခဲ့ပါတယ်။

မြန်မာစစ်တပ်ဘက်ကတော့ ဆန္ဒပြပွဲတွေအတွင်း ကျည်အစစ်တွေကို အသုံးပြုခဲ့တာ မဟုတ်ဘဲ ရော်ဘာကျည်ကိုသာ အသုံးပြုခဲ့တာဖြစ်ပြီး ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ သတင်းထုတ်ပြန်ထားခဲ့ပါတယ်။

ဒါကြောင့် မမြသွဲ့သွဲ့ခိုင်ကို ပစ်ခတ်ရာမှာ ကျည်အစစ်သုံးခဲ့သလား မသုံးခဲ့ဘူးဆိုတာကို ရှင်းရှင်းလင်းလင်းသိခဲ့ရခြင်း မရှိခဲ့သလို စုံစမ်းစစ်ဆေးမှုဘယ် အခြေအနေထိရောက်ခဲ့လဲ ဆိုတာလည်း စစ်ကောင်စီဘက်က အခုအထိ ထုတ်မပြောသေးပါဘူး။

No comments:

Post a Comment

မြသွဲ့သွဲ့ခိုင်(သို့မဟုတ်) အာဏာသိမ်းမှုကြောင့် ပထမဆုံး အသက်ပေးခဲ့ရသူ

  စစ်အာဏာသိမ်းမှုကြောင့် သေဆုံးရတဲ့ အမျိုးသမီးတွေထဲမှာ နေပြည်တော်က အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ် မမြသွဲ့သွဲ့ခိုင်က ပထမဆုံးဖြစ်ပါတယ်။ ၂၀၂...