မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊
ဗမာ၊ ရခိုင်၊ ရှမ်း အစရှိသော လူမျိုးများ အတူတကွ စုပေါင်းနေထိုင်လျက်
ရှိသည်။ လူမျိုးတိုင်းတွင် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဘာသာစကား၊ ဓလေ့ထုံးစံများ
ကိုယ်စီရှိကြသည်။ ဤလူမျိုးများထဲမှ ချင်းလူမျိုးများ မြန်မာနိုင်ငံသို့
ဆင်းသက် နေထိုင်လာပုံကို အကျဉ်းချုပ်ဖော်ပြပေးလိုပါသည်။ ချင်းတို့သည် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်နေထိုင် ခဲ့ကြသော လူမျိုးစု အနက် တိဗက်-မြန်မာ အုပ်စုဝင်ဖြစ်သည်။
(က) ချင်း၊ ကချင်အုပ်စု
(ခ) မြန်မာနှင့် ရှေးမြန်မာအနွယ်အုပ်စု
(ဂ) လိုလိုမုဆိုးအုပ်စုဟူ၍ တွေ့နိုင်ပါသည်။
ယင်းအုပ်စု သုံးစုသည် လမ်းကြောင်းသုံးသွယ်မှ မြန်မာနိုင်ငံအတွင်း သို့ ဝင်ရောက်နေထိုင်ခဲ့ခြင်းဖြစ်သည်။ ချင်းတို့သည်လည်း ခေတ်အဆက်ဆက် မြန်မာနိုင်ငံအနှံ့အပြားတွင် အခြေချနေထိုင်လာခဲ့ကြသည်။
ချင်းလူမျိုးတစ်ခုတည်းတွင် လူမျိုးစု ၅၃ စုရှိပြီး ဘာသာစကားများလည်း မတူညီကြပေ။ ယင်းလူမျိုးစု ၅၃ စုအနက်မှ ဒါးရင်ဒူးမျိုးနွယ်စု(ခေါ်)ဒေသအခေါ် ဒါးလူမျိုးဖြစ်လာမည့် ချင်းမျိုးနွယ်စုတစ်စုသည်လည်း "ချင်းမှန် လျှင် ပုဂံက"ဆိုသည့်အတိုင်း ပုဂံ၊ ပုပ္ပားတစ်ဝိုက်တွင် အခြေချနေထိုင် လာခဲ့ကြသည်။
လူမျိုးဆင်းသက်လာပုံ
"ချင်းမှန်လျှင် ပုဂံက"ဆိုသည့်အတိုင်း ဒါးရင်ဒူးမျိုးနွယ်စုဖြစ်လာမည့် ချင်းတို့သည် ရေကြည်ရာ မြက်နုရာကို ရှာရင်း မကွေးတိုင်းဒေသကြီး ရွှေပေါင်းလောင်း ဘုရားနှင့် စစ်ကိုင်းတိုင်းဒေသကြီး ကျောက္ကာနယ်တွင် ကွင်းစုဘုရားကို တည်ထား ခဲ့ကြသည်။ ထိုမှတစ်ဆင့် ပေါက်မြို့ဖြစ်လာ မည့် "ပဲပေါက်"ရွာကိုတည်ခဲ့ကြပြီး ပုံတောင် ပုံညာကို ဖြတ်ကာ'ယော'မြို့ကို တည်ထောင် ခဲ့ကြသည်။ ထိုမှတစ်ဆင့် ဘောလီရုံး ခင်တန်း အတိုင်း တက်ကာ မင်းတပ်မြို့နယ်တွင် ဟီးလောင်းရွာကို တည်ထောင်ကာ နေထိုင် ခဲ့ကြသည်။ ယင်းမှတစ်ဆင့် ယခု ကန်ပက်လက်မြို့နယ်အသီးသီးသို့ ပျံ့နှံ့နေထိုင် ခဲ့ကြသည်။
လူမျိုးအမည်
မျိုးနွယ်အမည်ကို သမိုင်းမှတ်တမ်းများ တွင် ယင်ဒူးဟုခေါ်ကြပြီး ဒေသခံတိုင်းရင်းသား တို့က 'ဒါး' (Daa)ဟု လည်း ခေါ်ကြသည်။ ယခုအခါ ထိုအမည်နှစ်ခုကို ပေါင်း၍ ]ဒါးရင်ဒူး}ဟူ၍ သုံးစွဲလျက်ရှိသည်။ ဆွေမျိုးစု (Clans ) များဖြစ်သည့် တားဆိုး၊ ချိုင်စော၊ မနားတူ၊ ကောက်တူ၊ ထန်းကုန်း၊ ဘောတူ၊ မွားတွီး၊ ရောင်းခေါ်၊ လွယ်၊ လှာ၊ ချောင်း၊ ချုတ်တူ စသည့် ဆွေမျိုးစု (Clans) များကို ပေါင်း၍ 'ရင်ဒူး' (Yindu)သို့ 'ဒါး' (Daa) ဟု ခေါ်ကြသည်။ သမိုင်းမှတ်တမ်းများတွင် 'ယင်ဒူး'ဟူ၍ အများဆုံးသုံးနှုန်းရေးသားကြပြီး ကုန်းဘောင်မင်းဆက်ဖြစ်သော မင်းတုန်းမင်း လက်ထက်တွင်မူ 'ရင့်တူ'ဟူ၍ သုံးနှုန်းထား ကြောင်း တွေ့ရသည်။
ရင်ဒူးသမိုင်းကွင်းဆက်များ
မြန်မာနိုင်ငံတွင် ပထမဦးဆုံး ချင်းလူမျိုး များအား မျိုးနွယ်စုများ ခွဲခြားသတ်မှတ်မှုကို ၁၈၆၉ ခုနှစ်တွင် ချင်းလူမျိုးများအကြောင်းကို သိလို၍ အောက်မဟာဝန်ရှင်တော်မင်းကြီး အာသာဖယ်ယာက မေးမြန်းရာတွင် ချင်း မျိုးနွယ်စု ၇၅ မျိုးရှိကြောင်း ပြန်ကြားခဲ့သည်။ အဆိုပါချင်းလူမျိုးများအကြောင်းကို ချင်း တောင်အကြောင်း ကျွမ်းကျင်သူများက စာရေးတော် ဦးမုံထံပေးပို့ပြီး ဦးမုံက စုစည်း ရေးသားလျက် ကင်းဝန်မင်းကြီးထံ တင်ပြစေ သည်။
မြန်မာ့နန်းတော်မှ ထိပ်တန်းအာဏာပိုင် ဝန်ကြီး လေးပါးဖြစ်သော ကန်းဝန်၊ ပခန်း၊ ခန်းပတ်၊ လောင်းရှည်မြို့တို့မှ စာတမ်းကို လေ့လာတည်းဖြတ်ပြီး စာတမ်းကို အမိန့် တော်ရ ဦးရောက်ကလေးက ပုရပိုဒ်တွင် အချော ရေးကူးသည်။ ၁၈၆၉ ခုနှစ် မေ ၂၆ ရက်တွင် စာတမ်းကို စက္ကူဖြင့်ကူး၍ ၁၈၆၉ ခုနှစ် ဇွန် ၁၀ ရက်တွင် လုလင် ငမြိုင်က တစ်ဆင့် အင်္ဂလိပ်တို့ထံ ပေးပို့ခဲ့ပါသည်။ ထိုချင်း ၇၅ မျိုးထဲတွင် 'ဒိုင်' မျိုးနွယ်စုအမည်မပါဝင်ပါ။
ပခုက္ကူတောင်တန်းဒေသအုပ်ချုပ်ရေးကို ယောနှင့် တောင်ပိုင်းချင်းတောင်ကို ၁၈၈၆ - ၁၉၀ဝ ခုနှစ်အတွင်းက ပူးတွဲအုပ်ချုပ်ခဲ့သည်။ ၁၈၈၉ ခုနှစ်အကုန်ပိုင်းတွင် မင်းတပ်မှ ဟီးလောင်းအထိ မိုင် ၂၀၊ ကျင်ဒွေးအနောက် ဘက်တွင် ကျင်ဒွေးမှ မိုင် ၅၀အထိ၊ ဟီးလောင်း ၏ အခြားတစ်ဖက်နှင့် ဝိတိုရိယ(ခေါ်)ခေါ်နူးစုမ် တောင်၏ အနောက်ဘက်ကို မအုပ်ချုပ်ရသေး သောနယ်အဖြစ် သတ်မှတ်ခဲ့သည်။ သို့ဖြစ်ပါ ၍ တောင်ပိုင်း ချင်းတောင် အုပ်ချုပ်ရေးကို ၁၈၉၀ ပြည့်နှစ်တွင်မှ စတင်ခဲ့ခြင်းဖြစ်သည်။
၁၈၉၀ ပြည့်နှစ်တွင် စတင်သော ပခုက္ကူ တောင်တန်းဒေသအုပ်ချုပ်ရေးတွင် ပခုက္ကူ ဒေသရှိ ချင်းလူမျိုးတို့ကို ဖော်ပြရာတွင် ချင်း ပုတ်၊ ချင်းဖုန်း၊ ယင်ဒူးဟူ၍ ဖော်ပြထားသည်။ ပခုက္ကူတောင်တန်းဒေသ အုပ်ချုပ်ရေးစပြီး နှစ်အနည်းငယ်အတွင်း ချင်းတောင်တစ်ခုလုံး တွင် မြောက်ပိုင်း၌ ဖလမ်းမြို့၊ တောင်ပိုင်း၌ ကန်ပက်လက်မြို့ကို တည်ခဲ့ကြသည်။ မတူပီ နယ်ကိုမူ အင်္ဂလိပ်တို့ မအုပ်ချုပ်ရသေးသော နယ်အဖြစ် သတ်မှတ်ခဲ့ကြသည်။
သို့ပါ၍ တောင်ပိုင်းချင်းတောင်ရှိ လူမျိုးနွယ်စုတို့ကို အင်္ဂလိပ်တို့က ကနဦးမှတ်တမ်းတင်ရာတွင် လည်း မျိုးနွယ်စု သုံးစုကို မှတ်တမ်းတင်ထားပြီး ထိုအထဲတွင်လည်း 'ရင်ဒူးမျိုးနွယ်စု' ပါဝင် သည်။
၁၉၀၄ ခုနှစ်တွင် အိန္ဒိယနိုင်ငံမှGA Grierson က ဘာသာစကားလေ့လာမှုပြုပြီး ဘာသာစကားအားဖြင့် ချင်းလူမျိုး ၃၁ မျိုး ခွဲခြားထားသည်။ ထိုအထဲတွင်လည်း 'ရင်ဒူး' (Yindu) ဟူ၍ ဖော်ပြပါရှိသည်။
၁၉၃၁ ခုနှစ် အင်္ဂလိပ်တို့ ပထမဆုံး ကောက်ယူသော မြန်မာနိုင်ငံသန်းခေါင်စာရင်း အရ ချင်းလူမျိုးများကို ၄၃ မျိုးခွဲခြားထားသည်။ ထိုသန်းခေါင်စာရင်းတွင်လည်း 'ရင်ဒူး' (့ငညိက)ဟူ၍ ဖော်ပြထားသည်။
၁၉၃၃ ခုနှစ်ထုတ် မြန်မာနိုင်ငံလူမျိုးစုများ သည် Major C. M Enriquz, Rac of Burma (Delhi; Manger of Publication, 1993 တွင် ချင်းလူမျိုးတို့ကို ဖော်ပြရာတွင် ၁၉၃၁ ခုနှစ် သန်းခေါင် စာရင်းကို အခြေခံမှီငြမ်း၍ ပြုစုထားဟန်တူပေ သည်။
ထိုစာအုပ်ထဲတွင် အုပ်ချုပ်ရေးအရ ခေတ်အဆက်ဆက် ပခုက္ကူတောင်တန်းဒေသ အုပ်ချုပ်ရေးတွင် ဖော်ပြထားသော 'ရင်ဒူး' (Yindu)မျိုးနွယ်စုကို Araken Hill Tracts ထဲတွင် ဖော်ပြထားသည်။ သို့ပါ၍ ၁၉၃၃ ခုနှစ် စာအုပ်ပါဖော်ပြချက်များသည် မှားယွင်းကြောင်း ယင်းမျိုးနွယ်စု၏ မှတ်တမ်း များတွင် တွေ့ရသည်။
ဦးဘရှင်၊ ချင်းလူမျိုး မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၂)ကျ-ခွံ (ရန်ကုန်မြန်မာနိုင်ငံဘာသာ ပြန်အသင်း၊ ၁၉၅၅၊ ၁၉၇၃) စာအုပ်မှတ်တမ်း တွင် ပခုက္ကူတောင်တန်းဒေသ၌ ချောင်း ၁၀ ချောင်းရှိရာ ထိုချောင်းတို့အနက် မြောက်ပိုင်း ခုနစ်ချောင်းတွင် ချင်းပုတ်(ခေါ်) ကန်ပက်လက်ချောင်းများနှင့် တောင်ဘက် စလင်းချောင်းနှင့် အခြား ချောင်း တစ်ဖက်တွင် ရင်ဒူးလူမျိုး ၄၅၀ဝ ခန့် နေထိုင်ကြသည်။ တောင်ဘက်နှင့် ဆောမြို့၏ တောင်ဘက်တွင် ချင်းဖုန်း ၈၀ဝဝ ခန့် နေထိုင်ကြပြီး ထိုမှသည် မင်းဘူးခရိုင်အထိ ပျံ့နှံ့နေထိုင်ကြသည်ဟု ဖော်ပြထားသည်။
ယခုတွင်လည်း ရင်ဒူးလူမျိုးတို့သည် မခါးချောင်း၊ ခန်းချောင်း၊ မောချောင်း၊ ဖျံချောင်း၊ စလင်းချောင်း၊ ရင့်ရဲ ချောင်း၊ ချုပ်ချောင်းတစ်ဝိုက်တွင် နေထိုင်လျက် ရှိကြသည်။ ၁၉၆၇ ခုနှစ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ၏ တိုင်းရင်းသားဓလေ့ထုံးစံများ ချင်းစာအုပ်တွင်မူ မြို့နယ်အလိုက် မူတည်ကာ ၄၄ မျိုးခွဲခြားထားသည်။
ထိုအထဲတွင် ကန်ပက်လက်မြို့နယ်အတွင်းရှိ လူမျိုးသုံးမျိုး ကို ဖော်ပြရာတွင် ခေတ်အဆက်ဆက် "ယင်ဒူး" မျိုးနွယ်စုဟုသာ ဖော်ပြပါရှိသည့် နေရာတွင် ယင်ဒူးနှင့်ဒိုင်ကို ပေါင်း၍ ယင်ဒူး (ဒိုင်)ဟုလည်းကောင်း၊ မတူပီမြို့နယ်ရှိ လူမျိုးစုငါးခုကို ဖော်ပြရာတွင် ဒိုင်(ယင်ဒူး)ဟု မှားယွင်းဖော်ပြလာခဲ့ကြသည်။
မြန်မာ့စွယ်စုံကျမ်းတွင် နေထိုင်ရာဒေသ နှင့် လူမျိုးကိုဖော်ပြထားပါလျက် လူမျိုးစု နှစ်စုကို တစ်ပေါင်းတည်း ဖော်ပြထားခြင်းမှာ သမိုင်းပြုစုသူတို့၏ အမှားသာဖြစ်ကြောင်း ယင်းမျိုးနွယ်စု၏ မှတ်တမ်းများအရ သိရ သည်။ ကုန်းဘောင်ခေတ်မှ အင်္ဂလိပ်ခေတ်၊ ဆိုရှယ်လစ်ခေတ် ၁၉၆၆ ခုနှစ်အထိ "ရင်ဒူး" မျိုးနွယ်စုသည် ခေတ် အဆက်ဆက် မည်သည့် မျိုးနွယ်စုနှင့်မျှမရောဘဲ တည်ရှိခဲ့ကြောင်း သမိုင်းအထောက်အထားများအရ သိနိုင် သည်ဟု ဖော်ပြထားသည်။
ရင်ဒူးမျိုးနွယ်စုတို့သည် အရှေ့ရင်ဒူး၊ အနောက်ရင်ဒူး ဟူ၍လည်း ခွဲခြားခဲ့ကြသည်။ အရှေ့ရင်ဒူးတို့သည် ယခု(ငရာ့) မျိုးနွယ်စု (သို့) အမှတ်(၅)မျိုးနွယ်စုတို့ ဖြစ်ကြပြီး အနောက်ရင်ဒူးဒေသသည် ဒေသအခေါ် ဒါး (သို့) အမှတ် (၆) လူမျိုးနွယ်စုတို့ ဖြစ်ကြ သည်။
သမိုင်းမှတ်တမ်းများအရ လူဦးရေ ၁၉၃၀ ဦးရှိပြီး ဝမ္မသူးမောင် ဖွဲ့စည်းသော ချင်းတောင်ညီညွတ်ရေးအဖွဲ့တွင် အရှေ့ရင်ဒူး ကိုယ်စားလှယ်အဖြစ် ကန့်သာရုံမှ ဦးနိုင်း လိန်းသာနှင့် ရဲလောင်းပန်းမှ ဦးထန်းထွန်းတို့ ပါဝင်ကြောင်း တွေ့ရသည်။ အနောက်ရင်ဒူး ကိုယ်စားလှယ်အဖြစ် ဦးမနားနိုင်းနှင့် ဦးထန်းနိုင်း တို့ပါဝင်ကြကြောင်း၊ ထို့အပြင် ထီးလင်းမြို့၌ ကျင်းပသော ချင်းဗမာချစ်ကြည်ရေး ညီလာခံ တွင်လည်း အရှေ့ရင်ဒူးတိုက်နယ်မှ အမှတ်(၅) ကိုယ်စားလှယ်များတက်ရောက်ပြီး အနောက် ရင်ဒူးကိုယ်စားလှယ်အဖြစ် အမှတ်(၆)မှ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အချို့(ဒိုင်)မျိုးနွယ်စုများက ပြောသော အနောက်ရင်ဒူး (ဒိုင်) လူမျိုးတို့ဖြစ်ကြောင်း ပြောဆိုရေးသား နေကြသည်မှာ မမှန်ကန် ကြောင်း သိရသည်။ ငရာ့မျိုးနွယ်စုနှင့် ရင်ဒူး မျိုးနွယ်တို့သည် ဆွေမျိုးစု(Clans) များအရ လည်း များစွာတူညီကြသည်။ ဥပမာ- ရင်ဒူး မျိုးနွယ်စုတို့တွင် ထွီးထန်း၊ မောတွီ၊ ချုတ်တူ စသည်ဖြင့်ရှိကြပြီး ငရာ့မျိုး နွယ်စုတွင် လည်း ၎င်းဆွေမျိုးစုများရှိကြောင်း တွေ့နိုင်သည်။
သမိုင်းစဉ်ဟုဆိုရာတွင် ဒဏ္ဍာရီမဆန်၊ ယုံတမ်းစကားလည်းမဟုတ်၊ ခိုင်လုံသော အထောက်အထားရှိပြီး သဘာဝ ကျသော သမိုင်းစဉ်၊ သိပ္ပံနည်းကျကျ စစ်ဆေးလာလျှင် လည်း ခံနိုင်ရည်ရှိသော ပြည်သူတို့၏ သမိုင်းစဉ်ကို ဆိုလိုပါသည်။
သို့ပါ၍
'ဒါးရင်ဒူး' လူမျိုး နွယ်စုတို့၏ သမိုင်းစဉ်သည်လည်း ဒဏ္ဍာရီ မဆန်၊
ယုံတမ်းစကားလည်းမဟုတ်၊ ခိုင်လုံ သော အထောက်အထားများဖြင့် ပြဆိုခဲ့ပြီး
ဖြစ်သည်။ ထို့ကြောင့် 'ဒါးရင်ဒူး' မျိုးနွယ်စုတို့ သည် ကုန်းဘောင် ခေတ်မှသည်
ယနေ့ထိ တိုင်အောင် သမိုင်းအစဉ်အလာအရ ကြီးမား သော လူမျိုးနွယ်စုဖြစ်ကြောင်း
ဖော်ပြ လိုက်ရပါသည်။ ။ ( Crd: Online Media)
No comments:
Post a Comment