Thursday, January 26, 2023

အောင်ဆန်းသူရိယ ဗိုလ်ကြီးတိုက်ချွန်း

တိုက်ချွန်း (အောင်ဆန်းသူရိယ) - ဝီကီပီးဒီးယား

ငယ်စဉ်ဘဝ ။ ။ ဗိုလ်ကြီးတိုက်ချွန်းအား ၁၉၂၃ ခုနှစ်တွင် မတူပီမြို့နယ် ၊ လွီဗန်ရွာတွင် (အဘ) ဦးထန်းရေး

(အမိ) ဒေါ်နိုင်တိုက်တို့မှမွေးဖွားသည်။ ၁၉၃၆-ခုမှ၁၉၄၀-ခုနှစ်ထိမတူပီမြို့နယ်မှမူလတန်းကျောင်းတွင်
စတုတ္တတန်း(ချင်းစာ)အောင်မြင်ခဲ့သည်။ စစ်တပ်ထဲရောက်မှမြန်မာစာသင်ကြားတတ်မြောက်သည်။
ကိုယ်ရေးသမိုင်းအကျဉ်းမျာကိုအောက်တွင်ဖော်ပြလိုက်ပေသည်။

စစ်မှုထမ်းဆောင်ခြင်း
(၁) ၁၉၄၁-ခုနှစ်တွင်မိတ္တီလာမြို့ ၊ ဘမားရိုင်ဖယ်တပ်ရင်း (၅) သို့စတင်စစ်မှု့ထမ်းဆောင်သည်။
(၂)၁၉၄၁-ခုမှ၁၉၄၂ခုနှစ်တွင်ဗြိတိသျှတပ်များမြန်မာပြည်ပြန်လည်သိမ်းပိုက်ရေးတပ်တွင်ထောက်
လှမ်းတပ်သား ၊ စစ်မဲ့လေယာဉ်တပ်သား၊ လေထီးတပ်သားအဖြစ်တာဝန်ထမ်းဆောင်သည်။
(၃) ၁၉၄၈-ခုနှစ်၊ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်၊ အမှတ်(၁) ချင်းသေနတ်ကိုင်တပ်ရင်းတွင်တပ် ကြပ်ကြီး ဒု- ဗိုလ်အဆင့်ဖြင့် အဆင့်ဆင့် ထမ်းဆောင်သည်။
(၄) ၁၉၅၂-ခုနှစ်- ဇူလိုင်လ (၁၄) ရက်နေ့တွင်ဗိုလ်ကြီးရာထူး တိုးမြှင့် ခြင်းခံရသည်။

ဆင်နွှဲခဲ့သည့်တိုက်ပွဲများ
(၁) ဗိုလ်ကြီးတိုက်ချွန်းသည်အင်းစိန်-စော်ဘွားကြီးကုန်းတိုက်ပွဲ ၊ ဦးစံက္ကန်ကျောင်းတိုက်ပွဲစွပ်
ကျယ်စက်တိုက်ပွဲ၊ မှော်ဘီတိုက်ပွဲတို့တွင်ရွံရွံချွန်ချွန်တိုက်ခိုက်ခဲ့သည်။
(၂)ရန်ကုန်ဆင်ခြေဖုံးရပ်ကွက်ရှိသမိုင်းကြို့ကုန်းအင်းစိန်နယ်မြေများတွင်တပ်စွဲထားသည့်သောင်းကျန်းသူ
သူပုန်များကိုတိုက်ခိုက်ချေမှုန်းအနိုင်ရခဲ့သည်။
(၃)၁၉၅၂-ခုမှ၁၉၅၃ခုနှစ်တွင်ပြည်ပမှကျူးကျော်ဝင်ရောက်လာသောကူမန်တန်တရုတ်ဖြူများကိုရွံရွံချွန်
တိုက်ခိုက်တော်လှန်နိုင်ခဲ့သည်။
 

ရရှိခဲ့သည့်ဆုနှင့်ဘွဲ့တံဆိပ်များ
ဗိုလ်ကြီးတိုက်ချွန်းသည်စစ်မှုထမ်းရာ ထူးချွန်ပြောင်မြောက်စွာ ထမ်းဆောင်ခြင်းကြောင့် နိုင်ငံတော်မှချီး
မြှင့်သောအောက်ပါ ဘွဲ့များကိုထိုက်ထိုက်တန်တန်ရရှိခဲ့သည်။
(၁) ဗြိတိသျှအစိုးရစစ်မှုထမ်းကောင်းဆု (ဘီဂျီအမ်) ဒုတိယကမ္ဘာစစ်ကြီးအတွင်း( ၁၉၄၁ ခုမှ ၁၉၄၄ ခုအထိ)
(၂) သူရဘွဲ့ ( အင်းစိန်တိုက်) (၁၉၄၉ခု)
(၃) အောင်ဆန်းသူရိယဘွဲ့ ( ၁၉၅၉ ခု)

တပ်မတော်မှအငြိမ်းစားယူခြင်း
ဗိုလ်ကြီးတိုက်ချွန်းသည်စစ်မှုထမ်းသက် (၂၂)နှစ်မြောက်၁၉၆၂ ခုနှစ်တွင် တပ်မတော်မှအငြိမ်းစားယူ ယူခဲ့သည်။

စီးပွားရေး/ နိုင်ငံရေးဆောင်ရွက်ချက်များ
ဗိုလ်ကြီးတိုက်ချွန်းသည် တပ်မတော်မှ အငြိမ်းစားယူပြီး နောက်မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏တာဝန်ပေးချက်အရ အောက်ပါစီးပွားရေး ၊ နိုင်ငံရေးတာဝန်များကိုဆောင်ရွက်ခဲ့သည်။
(၁) ဥက္ကဌ ၊ မတူပီမြို့နယ်သမဝါယမအသင်း ( ၁၉၇၁-မှ ၁၉၇၂ ခုအထိ )
(၂) အဖွဲ့ဝင် (အချိန်ပြည့် ) မတူပီမြို့နယ်လုံခြုံရေးနှင့်အုပ်ချုပ်မှုကော်မတီ၊ မတူပီမြို့၊။ ( ၁၉၇၂ ခုမှ ၁၉၇၄ ခုအထိ )
(၃) အဖွဲ့ခွဲဥက္ကဌ ၊ ၁၉၇၃-ခုနှစ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရေး ၊
မတူပီမြို့နယ်ကော်မရှင်အဖွဲ့ခွဲ ( ၁၉၇၃ ခု )
( ၄) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၊ မတူပီမြို့နယ်မဲဆန္ဒနယ်အမှတ် (၁) ( ၁၉၇၄-ခုမှ၁၉၇၈-ခုအထိ)
(၅) ဥက္ကဌ ၊ မတူပီမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ( ၁၉၇၅-ခု)
(၆) ဥက္ကဌ ၊ ဒုတိယအကြိမ် ၊ မတူပီမြို့နယ် ၊ ပြည်သူ့ကောင်စီလုပ်ငန်း စစ်ဆေးရေး အဖွဲ့ ( ၁၉၇၈-ခုမှ
၁၉၈၂-ခုအထိ )
(၇) ဥက္ကဌ ၊ ပလက်ဝမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ( ၁၉၈၅-ခုမှ၁၉၈၈-ခုအထိ)

ကွယ်လွန်အနိစ္စရောက်ခြင်း
ယခုအခြေအနေ ။ ။ ဗိုလ်ကြီးတိုက်ချွန်းသည်နိုင်ငံရေးမှအနားယူကာပလက်ဝမြို့နယ်တွီဆော့ကုန်းကျေးရွာ
အုပ်စုဗွေလိရွာတွင်မိရိုးဖလာတောင်သူလုပ်ငန်းဖြင့်အေးဆေးစွာအနားယူခဲ့သည်။ ထိုသို့အနားယူရင်း အစာအိမ်ရောဂါကြောင့် အမှတ် (၂) ရန်ကုန် တပ်မတော်ဆေးရုံ၌ ဆေးကုသရင်း၁၉၈၈ ခုနှစ်ဖေဖော်ဝါရီလ ( ၁၈) ရက်နေ့တွင်ကွယ်လွန်သွားပါသည်။

No comments:

Post a Comment

မြသွဲ့သွဲ့ခိုင်(သို့မဟုတ်) အာဏာသိမ်းမှုကြောင့် ပထမဆုံး အသက်ပေးခဲ့ရသူ

  စစ်အာဏာသိမ်းမှုကြောင့် သေဆုံးရတဲ့ အမျိုးသမီးတွေထဲမှာ နေပြည်တော်က အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ် မမြသွဲ့သွဲ့ခိုင်က ပထမဆုံးဖြစ်ပါတယ်။ ၂၀၂...